ငြိမ်သက်ခြင်းသပိတ် ပြုလုပ်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် အလွတ်တန်းဓါတ်ပုံသတင်းထောက် ကိုစိုးနိုင်သည် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း သိရသည်။
.
လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်သည့် ငြိမ်သက်ခြင်းသပိတ်ကို သတင်းဓါတ်ပုံ ရိုက်နေစဥ် ကိုစိုးနိုင်နှင့် အခြားဓါတ်ပုံဆရာ တစ်ဦးတို့ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ၃ ရက်အကြာတွင် သေဆုံးရခြင်း ဖြစ်သည်ဟု သိရသည်။
.
အလွတ်တန်း ဓါတ်ပုံသတင်းထောက် ကိုစိုးနိုင်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦး ရှိပြီး ဖမ်းဆီးခံရပြီးနောက် ၎င်း၏ နေအိမ်များကိုလည်း စစ်ကောင်စီဘက်က ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။