မိုင်းဆတ်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက် ၄ နာရီ၊ ၅၆ မိနစ်က မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံ မြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် ၆၇ မိုင်ခန့် အကွာ၊ (မိုင်းဆတ်မြို့၏ တောင်-အနောက်တောင်ဘက် (၁၀)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၂၂) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။