မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တပ်များ မုံးကိုးဒေသ၌ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၁၀၀ နီးပါး သေဆုံး/ဒဏ်ရာ ရကာ လက်နက် အများအပြား သိမ်းဆည်းရမိကြောင်း The Kokang သတင်းဌာနက ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၉ ရက်တွင် MNDAA ၏ မန်ရန်တပ်စခန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးး လက်နက်ကြီး အမြောက်ဖြင့် ပစ်ခတ်မှုပေါင်း ၁၅၀၀ ကျော် ပြုလုပ်၍ လေကြောင်းမှလည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သည့် အပြင် စစ်ကောင်စီ တပ်ရင်းများမှ အင်အား ၅၀၀ ကျော်ဖြင့် စုဝေး၍ မန်ရန်တပ်စခန်းကို ၁၀ ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
.
ဒီဇင်ဘာလ ၁၉ ရက် တစ်နေ့လုံး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံး/ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိခဲ့ကာ ဒဏ်ရာရသူ ၈၃ ဦးကို မုံးကိုးမြို့သို့ သယ်ယူပို့ဆောင်စဉ် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း MNDAA ဘက်မှ ၂ ဦး ကျဆုံး၍ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် စစ်ကောင်စီဘက်က စစ်အင်အား အများအပြား ထပ်မံ ဖြည့်တင်းနေသည့် အတွက် စစ်ရေး အခြေအနေများ ပိုမိုး တင်းမာလာနိုင်သည်ဟု သုံးသပ်ကြောင်း The Kokang က ထုတ်ပြန်သည်။