လူသားမျိုးနွယ်အပေါ် စစ်ကောင်စီမှ ပြစ်မှုကျူးလွန်နေခြင်းကို အမြန်ဆုံးထိရောက်စွာ အရေးယူရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဘောထား ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လူသားမျိုးနွယ်အပေါ် စစ်ကောင်စီမှ ပြစ်မှုကျူးလွန်နေခြင်းကို အမြန်ဆုံးထိရောက်စွာ အရေးယူရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သဘောထား ထုတ်ပြန်

 


လူသားမျိုးနွယ်အပေါ် စစ်ကောင်စီမှ ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

.

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ ဒီဇင်ဘာလ ၂၄ ရက်က အာဏာသိမ်း စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ(၁၀၈) ဦးဆောင်သော တပ်များက ထွက်ပြေး တိမ်းရှောင်လာသည့် ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား (၃၅) ဦးကျော်အား ကားပေါ်တွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄) ဦးကို လက်ပြန်ကြိုးတုပ်၍ ဦးခေါင်းကို ပစ်သတ်ထားခဲ့ခြင်းအပေါ် ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

.

အာဏာသိမ်း စစ်ကောင်စီက ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားပြည်သူများအပေါ် ကာကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယင်းကဲ့သို့ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းအပေါ် မီးသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်းလည်း ထုတ်ပြန်ထားသည်။

.

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အနက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေသည်

Journal Download

Photo of three cats