တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Asia Light အနီး၌ ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၂ နာရီခွဲကျော်ခန့်က မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရသူများ ရရှိခဲ့ကြောင်း သိရသည်။
.
“ ပေါက်ကွဲတာက တော်တော်လေး ပြင်းတယ်။ ထိခိုက်တဲ့သူက ၂ ယောက်လို့ သိရတယ်၊ ဒဏ်ရာက မပြင်းဘူးတဲ့။ မိုင်းက ၂ လုံးလို့လည်း ပြောတယ်၊ ကြားတာလည်း ၂ ချက် ကြားတာ။" ဟု အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။
.
ထိခိုက် ဒဏ်ရာ ရသူများမှာ အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ သားဖြစ်သူတို့ ဖြစ်ကြောင်းနှင့် ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။