စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
"လောင်ကျွမ်းမှုထက် ပိုပြင်းတဲ့ တော်လှန်မှုနဲ့ လူထုလာပြီ"ဆိုသည် စာသားကို ကိုင်ဆောင်ကာ ၂၇၉ ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။