ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်သည့် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ဘားအံမြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဘားအံ-ထုံးအိုင်သွား ကားလမ်းတွင် သံလွင်တံတားမှ ဘားအံမြို့ဘက်သို့ စိုင်းစောရင် မောင်းနှင်သည့် မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးများမှာ ရှမ်းတောင်မှ သယ်ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း စစ်ဆေးရေးဂိတ် အများအပြားကို မည်သည့်နည်းဖြင့် ဖြတ်ကျော် မောင်းနှင်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။