"ကျေးလက်ပုန်ကန် မြို့ပြဆူညံ" ဆိုသည့် ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင် ချီတက်ကြွေးကြော် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားထုလုပ်ငန်းဦးဆောင် ကော်မတီ(ACBES) ဝင် အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်ပေါင်းစုံမှ သပိတ်ကော်မတီများ ဦးဆောင်၍ တောင်ဒဂုံ ၊ လှိုင်သာယာ ၊ သင်္ဃန်းကျွန်း သွေးချောင်းစီး (၉) လပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့အဖြစ် ချီတက်ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။