၅၁ နှစ်မြောက် ကယန်းအမျိုးသား အာဇာနည်နေ့အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်၊ ဆီဘူးဒေသရှိ ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပင်လောင်းမြို့နယ်၊ တိင်း(ခ်)ထက်ကျေးရွာ တိုက်ပွဲ၌ ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဗိုလ်စိုး ကျဆုံးခဲ့သည့် နေ့ကို ကယန်းအမျိုးသား အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။