မြန်မာနှင့် အာဖဂန် အတွက် ကိုယ်စားလှယ် ရွေးချယ်ရေး ဆိုင်းငံ့မှုကို ကုလ အထွေထွေညီလာခံတွင် အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြန်မာနှင့် အာဖဂန် အတွက် ကိုယ်စားလှယ် ရွေးချယ်ရေး ဆိုင်းငံ့မှုကို ကုလ အထွေထွေညီလာခံတွင် အတည်ပြု


မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ် ရွေးချယ်ရေး ဆိုင်းငံ့မှု ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက် (တနင်္လာနေ့)တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့‌ကြောင်း သိရသည်။

.

ကုလသမဂ္ဂ၏ ကိုယ်စားလှယ် စိစစ်လက်ခံရေး ကော်မတီ (Credentials Committee)က ဒီဇင်ဘာလ ၁ ရက်တွင် အဆိုပါ ကိုယ်စားလှယ် ရွေးချယ်မှုအား ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ ယခုတွင် အထွေထွေ ညီလာခံက ယင်းဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ အတည်ပြုမှုသည် မြန်မာစစ်ကောင်စီနှင့် အာဖဂန် တာလီဘန်များက တင်သွင်းခဲ့သော  ကိုယ်စားလှယ်များကို ထည့်သွင်းစဉ်းစားရွေးချယ်မှု မလုပ်တော့ဘဲ ငြင်းပယ်လိုက်ခြင်း ဖြစ်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အာဖဂန်သံအမတ်ကြီးတို့သည် ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်များ အဖြစ် ဆက်လက် တာဝန်ယူခွင့် ရရှိမည်ဟု သိရသည်။

.

ကုလသမဂ္ဂညီလာခံ၌ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မိန့်ခွန်း ပြောဆိုခဲ့သည့် ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် စစ်ကောင်စီက စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားကာ ၎င်းအစား စစ်သံမှူး တစ်ဦးနှင့် အစားထိုးရန် ကြိုးပမ်းနေလျက် ရှိသည်။

Journal Download

Photo of three cats