နမ့်ခမ်းမြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ကဒီဇင်ဘာလ ၂၇ ရက်၊ ညနေပိုင်းတွင် လူငယ်နှစ်ဦးကို သေနတ်ဖြင့် လာရောက် ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အောင်မေတ္တာရပ်ကွက်ရှိ အရောင်းဆိုင် တစ်ခုသို့ လူ ၅ ဦးခန့် ပါဝင်သော အမည်မသိ လက်နက်ကိုင်အဖွဲ့က မော်တော်ယာဉ်ဖြင့် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ပစ်ခတ်မှုကြောင့် လူငယ် နှစ်ဦးတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ဆေးကုပေးစဉ် တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။