မန္တလေးမြို့၊ (၃၈) အောင်ဆန်းစုကြည်လမ်း နှင့် ၇၄ လမ်းထောင့်၌ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ နံနက်အစောပိုင်းတွင် လူမဲ့သပိတ် ပြုလုပ်၍ စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
"ပြည်သူများ (လုံးဝ) မထိရ" စာတန်းပါ Danger sign သတိပေးစာ အပါအဝင် စစ်အာဏာရှင်အား ဆန့်ကျင်သော စာတမ်းများ ပါရှိသည့် ဆိုင်းဘုတ်ငယ်များကို ချိတ်ဆွဲ၍ နှစ်သစ်ကို ကြိုဆိုသည့် အနေဖြင့် လူမဲ့သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။