ဒူဘိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ပိုး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်က သတင်း ထုတ်ပြန်သည်။
.
ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများအနက် COVID-19 ရောဂါပိုး တွေ့ရှိသော ဓာတ်ခွဲနမူနာ ၃၀ ကို မျိုးရိုးဗီဇ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ၄ ဦးကို ကုသရေး စင်တာများ၌ စောင့်ကြပ် ကြည့်ရှုခဲ့ကာ သတ်မှတ်ရက် ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်လာခြင်းကြောင့် စင်တာမှ ဆင်းခွင့်ပြုခဲ့ကြောင်းနှင့် လက်ရှိတွင်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။