သီပေါမြို့၌ တန်ဖိုးနည်း ထမင်းဆိုင် ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့၌ တန်ဖိုးနည်း ထမင်းဆိုင် ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ


သီပေါမြို့၌ ၅၀၀ ကျပ်တန် ထမင်းဆိုင် ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင်လူငယ် ၄ ဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။ 

.

ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရသေးဘဲ ၎င်းတို့ကို မေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး‌နောက် လားရှိုးထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

.


နှလုံးသား ပရဟိတ အဖွဲ့ကို COVID-19 တတိယလှိုင်း ကာလတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ အနေဖြင့် စားဝတ်နေရေး အဆင်မပြေသူ ပြည်သူများ အတွက် ၅၀၀ ကျပ်တန် တန်ဖိုးနည်း ထမင်းဆိုင်ကို ဖွင့်လှစ်ပေးခြင်း အပါအဝင် အခြား ပရဟိတ လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Journal Download

Photo of three cats