အမေရိကန်ဒေါ်လာ ၁၅ သန်းကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ် ရောင်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရောင်းချမှုသည် ဒီဇင်ဘာလအတွင်း တတိယအကြိမ်မြောက် ရောင်းချခြင်း ဖြစ်ပြီးနိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒီဇင်ဘာလတွင် ၄၃ သန်း၊ နိုဝင်ဘာလတွင် ၃၁ သန်း၊ အောက်တိုဘာလတွင် သန်း ၁၁၀၊ စက်တင်ဘာလတွင် ၆၃ သန်း၊ ဩဂုတ်လတွင် ၂၈ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဧပြီလတွင် ၁၂ သန်းနှင့် ဖေဖော်ဝါရီလတွင် ၆ ဒသမ ၈ သန်း စီဖြင့် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ စုစုပေါင်း ၃၆၈ ဒသမ ၈ သန်းကို စစ်အာဏာသိမ်းပြီးနောက် ၁၁ လအတွင်း ထုတ်ရောင်းခဲ့ပြီး ဖြစ်သည်။