ရွာငံမြို့နယ်တွင် ငွေကျပ် သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ငွေကျပ် သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း၊ ယုန်တောင်ကျေးရွာ အနီး၌ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေပိုင်းတွင် ငွေကျပ် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိခဲ့ကြောင်း CCDAC က ထုတ်ပြန်ချက်အရ သိရသည်။

.

ပူးပေါင်းအဖွဲ့သည် ရွာငံ-ဟံမြင့်မိုရ်သွား ကားလမ်း၊ ယုန်တောင်ကျေးရွာအနီး၌ ရွာငံမှ ဟံမြင့်မိုရ်ဘက်သို့ ဘိုဘိုဇော် မောင်းနှင်ပြီး ပိုင်ထက်အောင် လိုက်ပါလာသည့် FUSO ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်အတွင်းမှ ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၃ ကီလိုကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

.

ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင့်နေ့ ည ၈ နာရီအချိန်တွင် ဘိန်းဖြူများ သယ်ဆောင်ရာတွင် တာဝန်ခံ သယ်ဆောင်သူ ဝင်းနောင်(ခ)ဘိုဘိုအား AD VAN မော်တော်ယာဉ်တစ်စီးနှင့် အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ ဖမ်းဆီးမိသော ဘိန်းဖြူများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats