ကျောက်မဲမြို့နယ်၌ အမျိုးသား တစ်ဦး မိုင်းနင်းမိသဖြင့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၌ အမျိုးသား တစ်ဦး မိုင်းနင်းမိသဖြင့် သေဆုံး


ကျောက်မဲမြို့နယ်၊ ပန်ဆန်ကျေးရွာ‌ အနီး၌ ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား တစ်ဦး မိုင်း နင်းမိသဖြင့် သေဆုံးခဲ့ရသည်ဟု သိရသည်။

.

သေဆုံးသူမှာ အသက် ၄၀ နှစ်အရွယ် တာအိုက်ထွန်း ဆိုသူ ဖြစ်ပြီး ရွာ အပြင်သို့ သွားရောက်စဉ် ယင်းကဲ့သို့ မိုင်း နင်းမိခဲ့ခြင်း ဖြစ်ကာ ဒဏ်ရာ ပြင်းထန်မှုကြောင့် ပွဲချင်းပြီး သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်း နင်းမိသည့် ဖြစ်စဉ်သည် ပန်ဆန်ကျေးရွာ‌တွင် ပထမဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းကျေးရွာ အနီး ဝန်းကျင်၌ မိုင်းများ ရှိနေသေးသည်ဟုလည်း သိရသည်။

Journal Download

Photo of three cats