တောင်ကြီးမြို့ပေါ်ရှိ အထကကျောင်း တစ်ခုတွင် “သွေးစွန်းပညာရေးအား သပိတ်မှောက်ကြ" စာတန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က ချိတ်ဆွဲခဲ့သည်ဟု သိရသည်။
.
အဆိုပါ စာတန်းကို တောင်ကြီးမြို့ အခြေစိုက်ကျောင်းသားသမဂ္ဂများ၊ တောင်ကြီးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အထက(၅)၊ တောင်ကြီးအခြေခံပညာကျောင်းသားများသမဂ္ဂ မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ထားသော်လည်း တော်လှန်ကျောင်းသား စိတ်ဓာတ်အား ပြသသည့် အနေဖြင့် ယင်းကဲ့သို့ သပိတ်မှောက် လှူပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။