ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် အစောပိုင်းတွင် လူမဲ့သပိတ် ပြုလုပ်၍ အာဏာရှင်အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
.
ဒေသခံ လူတစ်စုသည် မြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင် အပါအဝင် အဆောက်အဦ အချို့နှင့် လမ်းပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော စာသားများ ပါဝင်သည့် စာရွက်များကို ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများ ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
.
ယမန်နေ့ လူ့အခွင့်အရေးနေ့က ပြုလုပ်သော ငြိမ်သက်ခြင်းသပိတ်ကို ဟိုပုံးမြို့လည်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။