တောင်ကြီးပညာ​ရေးဒီဂရီ​ကောလိပ်​ကျောင်းသားများက ဖဲကြိုးဖြူ ကမ်ပိန်းတွင် ပါဝင် ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးပညာ​ရေးဒီဂရီ​ကောလိပ်​ကျောင်းသားများက ဖဲကြိုးဖြူ ကမ်ပိန်းတွင် ပါဝင် ဆောင်ရွက်


တောင်ကြီးပညာ​ရေးဒီဂရီ​ ကောလိပ်​မှ ကျောင်းသား၊​ ကျောင်းသူများသည် ပြစ်ဒဏ် ကင်းလွတ်ခွင့် အလေ့အထ အမြစ်ဖြတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ် ၁၆ ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှု ကမ်ပိန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သည်ဟု သိရသ ည်။

.


ကျင့်ဝတ်၊ စည်းကမ်းများ (Code of Conduct) ကို လေးစား လိုက်နာပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို မည်သည့်နည်းနှင့် မဆို ကိုယ်တိုင် မကျူးလွန်သည့်အပြင် ယင်းအကြမ်းဖက်မှုများကို လျော့ကျသွားစေရန် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းမည်ဟု ဖဲကြိုးဖြူ ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် ကတိကဝတ်ပြုကြောင်း တောင်ကြီးပညာ​ရေး ဒီဂရီ​ကောလိပ်​ကျောင်းသားများသမဂ္ဂက ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.


ဖဲကြိုးဖြူ လှုပ်ရှားမှုအား ကမ္ဘာတဝှမ်းတွင် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှုအဖြစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

Journal Download

Photo of three cats