ကြသောင်းဆိပ်-BGF စခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြသောင်းဆိပ်-BGF စခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူ


မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ် ကျေးနယ်အုပ်စု၊  ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းအား ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁)၊ တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၆ နာရီ၌ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခွဲခန့်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ကြသောင်းဆိပ် - BGF စခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGF စခန်းမှ လက်နက်ကြီး (၁၂၀ mm)များဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးမှု ရှိ‌သည်ဟုလည်း သိရသည်။

.

BGF စခန်းအား သိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များအား ည ၁၀ နာရီခန့်၌ KNLA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းခဲ့‌ကြောင်း သိရသည်။

.

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် BGF ဖက်မှ စခန်းမှူး အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရခဲ့သည်။

Journal Download

Photo of three cats