UWSA ဌာနချုပ် တည်ရှိရာ ပန်ခမ်းအား တစ်ပတ်ကြာ Lockdown သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

UWSA ဌာနချုပ် တည်ရှိရာ ပန်ခမ်းအား တစ်ပတ်ကြာ Lockdown သတ်မှတ်

UWSA ဌာနချုပ် အခြေစိုက်သည့် ပန်ခမ်း (ပန်ဆန်း) မြို့ကို နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၂ ရက်ထိ တစ်ပတ်ကြာ Lockdown သတ်မှတ်ထားကြောင်း သိရသည်။

.

ပန်ခမ်းမြို့ တစ်မြို့လုံးကို အာခေါင်တို့ဖတ်စစ်ဆေးရာတွင် မြို့ပေါ် နေရာ အများအပြား၌ ရောဂါ ကူးစက်မှု ပြန့်နှံ့လျက် ရှိနေသည့် အတွက် ယင်းကဲ့သို့ သတ်မှတ်ခြင်း ဖြစ်သည်ဟု ပန်ခမ်းမြို့ ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

Lockdown ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် အရေးပေါ် လိုအပ်ပါက ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ရန်ကိုလည်း ထုတ်ပြန်ထားသည်။

.

ပန်ခမ်း (ပန်ဆန်း) မြို့ကို နိုဝင်ဘာလ ၁၀ ရက်၊ ည ၁၂ နာရီမှ စတင်၍ ၅ ရက်ကြာ Lockdown ချ၍ အာခေါင်တို့ဖတ် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး COVID-19 ပိုး ရှိသူ မည်မျှ တွေ့ရှိခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

Journal Download

Photo of three cats