“ ဝ ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် အခြေစိုက်သည့် ပန်ခမ်း (ပန်ဆန်း) မြို့ကို နိုဝင်ဘာလ ၁၀ ရက်၊ ည ၁၂ နာရီမှ စတင်၍ ၅ ရက်ကြာ Lockdown ချ၍ အာခေါင်တို့ဖတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကူးစက် ပြန့်ပွားမှုကြောင့် Lockdown ချ၍ တစ်မြို့လုံးရှိ ပြည်သူများကို အာခေါင်တို့ဖတ် ရယူ စစ်ဆေးမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
Lockdown ကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြန်လည် ဖြေလျှော့ပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် စည်းကမ်း လိုက်နာကြရန်ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ အတွင်းကလည်း ပန်ခမ်းမြို့ တစ်မြို့လုံးကို Lockdown လုပ်၍ အာခေါင်တို့ဖတ် ရယူ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ၅၂၉၂၂ ဦး၏ ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့ခဲ့ကြောင်း သိရသည်။