မြို့နယ် ၁၇ ခုကို Stay at Home ပယ်ဖျက်သော်လည်း ရှမ်းပြည်နယ်မှ မပါဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြို့နယ် ၁၇ ခုကို Stay at Home ပယ်ဖျက်သော်လည်း ရှမ်းပြည်နယ်မှ မပါဝင်


တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ မြို့နယ် ၁၇ ခုကို Stay at Home အစီအစဉ်မှ ပယ်ဖျက်သော်လည်း ယင်းစာရင်းတွင် ရှမ်းပြည်နယ်မှ မြို့နယ်များ မပါဝင်ကြောင်း သိရသည်။

.

တနင်္သာရီတိုင်းဒေသကြီးမှ ၂ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ၅ မြို့နယ်၊ မကွေး‌တိုင်းဒေသကြီးမှ ၂ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ၁ မြို့နယ်၊ မွန်ပြည်နယ်မှ ၂ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃ မြို့နယ်၊ စုစုပေါင်း မြို့နယ် ၁၇ ခုကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၄ နာရီမှ စတင်၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်မှ ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ စာရင်းတွင် ရှမ်းပြည်နယ်မှ Stay at Home မြို့နယ်များ ဖြစ်သည့် လားရှိုး၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ တာချီလိတ်၊ မူဆယ်၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက် နှင့် ကျိုင်းတုံမြို့နယ်တို့ ပါဝင်မှု မရှိခြင်း ဖြစ်သည်။

.

တောင်ကြီးမြို့နယ် အပါအဝင် Stay at Home မြို့နယ် အချို့တွင် တပ်ထောက်ခံပွဲများကို တရားဝင် ပြုလုပ်ခွင့်ပေးခြင်း၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်း အပါအဝင် အခြားသော လူစုလူဝေး ကိစ္စရပ်များကို ခွင့်ပြုပေးခဲ့သည့်အပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သေးသည်။

.

COVID-19 ကူးစက်ခံရသူ ၆၇၀၀၀ ဦးကျော်နှင့် သေဆုံးသူ ၁၇၀၀၀ ဦးကျော် ရှိသည့် ရှမ်းပြည်နယ်တွင် အထက်ပါ ၁၀ မြို့နယ် အပါအဝင် ကိုလည်း Stay at Home အမိန့် ထုတ်ပြန်ထားသည့် အပြင် မြို့နယ်အချို့ကို Local Semi-Lockdown သတ်မှတ်ခြင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၁၀ ခုကိုလည်း COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဦးစားပေး ဆောင်ရွက်မည့် မြို့နယ်များ အဖြစ် သတ်မှတ်ထားသည်။

Journal Download

Photo of three cats