မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးများ တင်လာသော ၁၂ ဘီးယာဉ် ၃ စီးကို RCSS က ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးများ တင်လာသော ၁၂ ဘီးယာဉ် ၃ စီးကို RCSS က ဖမ်းမိ


မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆိုဒါအိတ်များ၊ အက်ဆစ်ဆေးရည်များ တင်ဆောင်လာ‌သော ၁၂ ဘီးယာဥ် ၃ စီးကို  နိုဝင်ဘာလ ၂၆ ရက်တွင် ယာဥ်မောင်း/ယာဥ်နောက်လိုက် ၆ ဦးတို့နှင့်အတူ မန္တလေး-လားရှိုးလမ်းပိုင်း တစ်နေရာ၌ RCSS/SSA အဖွဲ့က ဖမ်းမိခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

.
ဖမ်းဆီး ရမိသည့် ဓါတု ပစ္စည်းများမှာ ဆိုဒါအိတ် ၅၀၀ အိတ်၊ ပေပါပုံးဖြင့် ထည့်ထားသည့် အက်ဆစ်ရည် ၁၉၄ ပုံးတို့ ဖြစ်ကြောင်း နှင့် ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသည့် ထိုဓါတုဆေးပစ္စည်းများကို မန္တလေးမှ လားရှိုးဘက်သို့ တင်ဆောင်လာပြီး ပိုင်ရှင်မှာ ရန်ကုန်မြို့နေ မနီဆိုသူက ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
.


အဆိုပါ မူးယစ်ဆေး ကွင်းဆက်များအား အသေးစိတ် သိရှိနိုင်ရန် ထပ်မံ စစ်ဆေးမည်ဟုလည်း RCSS/SSA ထုတ်ပြန်သည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နှင့် ၂၀ ရက်တို့တွင်လည်း လဲချား-မိုင်းနောင်ကြားတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ မူးယစ်ဆေး ထုတ်ရာတွင် အသုံးပြုသော ဓါတုဆေးရည်များ၊ မူးယစ်ဆေး ရောင်းရငွေ ကျပ်သိန်းပေါင်း ၁၁၀၀ ၊ မူးယစ်ဆေး ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူ ၈ ဦးကို RCSS/SSA က ဖမ်းဆီးခဲ့‌ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats