PPST က စစ်ကောင်စီကို “အကြမ်းဖက်” အဖြစ် စွပ်စွဲထားသည့်သ‌ဘော သက်ရောက်နေသည်ဟုဆိုကာ ပြင်ဆင်သွားရန် စာ ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PPST က စစ်ကောင်စီကို “အကြမ်းဖက်” အဖြစ် စွပ်စွဲထားသည့်သ‌ဘော သက်ရောက်နေသည်ဟုဆိုကာ ပြင်ဆင်သွားရန် စာ ပို့

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က စစ်ကောင်စီကို “အကြမ်းဖက်” အဖြစ် စွပ်စွဲထားသည့်သ‌ဘော သက်ရောက်နေသည်ဟု ဆိုကာ လိုအပ်သလို ပြင်ဆင်သွားရန် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

.

PPST အစည်းအဝေး (၂၁/၂၀၂၁) ထုတ်ပြန်ချက်၏ အပိုဒ် ၆ တွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည် ဆိုသော စကားရပ်ကို တွေ့ရှိရပြီး ယင်း လုပ်ရပ်သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ရာ စစ်ကောင်စီ (တစ်နည်း) တပ်မတော်အား PPST က အကြမ်းဖက် အဖြစ် စွပ်စွဲထားသည့် သဘော သက်ရောက်နေကြောင်း နိုဝင်ဘာလ ၉ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့သည့် စစ်ကောင်စီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ စာတွင် ဖော်ပြပါရှိသည်။

.

PPST အနေဖြင့် ဖြစ်စဉ် အမှန်ကို တိတိကျကျ သိရှိခြင်း မရှိဘဲ အကြမ်းဖက် သောင်းကျန်သူ အဖျက်သမားများ၏ အထောက်အထားမဲ့ ရေးသားဖော်ပြနေသည့် Social Media များအား ဖတ်ရှုပြီး တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲရေးသား ထုတ်ဖော်မှုများသည် NCA အခန်း (၃)၊ အပိုဒ် ၅ (စ)ပါ အချက်အား ဖောက်ဖျက်ကျူးလွန်နေကြောင်းနှင့် PPST ၏ ထုတ်ပြန် ကြေညာချက်ပါ အပိုဒ် ၆ အား လိုအပ်သလို ပြန်လည် ပြင်ဆင်သွားရန် အကြောင်းကြားသည် ဟုလည်း ယင်းစာတွင် ပါရှိသည်။

.

အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်၍ PPST ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ၎င်းတို့ အဖွဲ့အတွင်း အကျေအလည် ညှိနှိုင်းပြီးမှ ထုတ်ပြန်ထားခြင်း ဖြစ်သည့်အတွက် ယင်းသဘောထားအပေါ်တွင် တစ်ဦးတည်း အမြင်အရ ပြင်ဆင်ရန် မရှိကြောင်း RFA သို့ ပြောဆိုထားကြောင်း သိရသည်။

Journal Download

Photo of three cats