ပင်လောင်းမြို့နယ်တွင် Local Semi-Lockdown ကာလအား နိုဝင်ဘာ ၂၂ ရက်ထိ ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်တွင် Local Semi-Lockdown ကာလအား နိုဝင်ဘာ ၂၂ ရက်ထိ ထပ်တိုး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် Local Semi- Lockdown ကာလအား နိုဝင်ဘာလ ၂၂ ရက်အထိ ထပ်မံ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

.

ယခင်က နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၁၄ ရက်ထိ မြို့နယ်အတွင်း Local Semi–Lockdown သတ်မှတ်ထားပြီးနောက် ယခုတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမို လျော့ကျနိုင်ရေးအတွက် ယင်းကဲ့သို့ ထပ်မံ၍ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့အထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၃၂၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၃ ဦး သေဆုံး၍ ၂၂၃၅ မှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats