ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အား Local Semi-Lockdown ကာလကို နိုဝင်ဘာလ ၁၄ ရက်ထိ ထပ်မံ တိုးမြှင့်ထားကြောင်း သိရသည်။
.
မြို့ပေါ် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown အဖြစ် နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ သတ်မှတ်ပြီးနောက် ယခုတွင် ထပ်မံ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
.
ဆီဆိုင်မြို့နယ်အပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ အပါအဝင် ကျေးရွာအုပ်စု အချို့ကိုလည်း Local Semi-Lockdown သတ်မှတ်ထားသည်။