တောင်ကြီးမြို့နယ်၌ တစ်ပတ်အတွင်း COVID-19 ပိုး ရှိသူ ၆၀ ဦး တွေ့ရှိခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ တစ်ပတ်အတွင်း COVID-19 ပိုး ရှိသူ ၆၀ ဦး တွေ့ရှိခဲ့


တောင်ကြီးမြို့နယ်၌ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ တစ်ပတ်အတွင်း COVID-19 ပိုး ရှိသူ ၆၀ ဦး ထပ်မံ တွေ့ရှိခဲ့‌ကြောင်း မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီထံမှ သိရသည်။

.

တစ်ပတ်အတွင်း ဓါတ်ခွဲနမူနာ စုစုပေါင်း ၂၁၀၁ ခုအား စစ်ဆေးစဉ် ၆၀ ဦးတွင် COVID-19 ပိုးတွေ့ခြင်း ဖြစ်ကာ ပိုး တွေ့နှုန်း အနေဖြင့် ၂ ဒသမ ၈၅ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

.

တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဖြစ်သည့် ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၅၇၆၁ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၅၃၃၁ ဦးရှိ၍ သေဆုံးသူ ၂၅၆ ဦး ရှိကာ ၁၇၄ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

.

ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိ‌ပေ။

Journal Download

Photo of three cats