ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၁၃ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၁၃ ဦး ထပ်မံ တွေ့ရှိ

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် COVID-19 ပိုး ရှိသူ ၁၃ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.

အသွားအလာ ကန့်သတ်ထားရှိသူများ၊ ရောဂါပိုး ရှိသူနှင့် ထိတွေ့မှုရှိသူများ စုစုပေါင်း ၈၀၉ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် ၁၃ ဦးတွင် COVID-19 ပိုး တွေ့ခြင်း ဖြစ်သည်ဟု မြို့နယ်ဆေးရုံက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 .

ဟိုပုံးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ နိုဝင်ဘာလ ၁၀ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၄၀၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃၆ ဦး သေဆုံး၍ ၁၂၄၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၁၂၇ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ရှိကြောင်း သိရသည်။

Journal Download

Photo of three cats