ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် COVID-19 ပိုး ရှိသူ ၃၈ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့သူများတွင် ပင်းပက်စက်ရုံမှ ဝန်ထမ်း ၅ ဦး၊ ခနောက်စိမ်း သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်သူ ၅ ဦး၊ ဝန်ထမ်း ၂ ဦးတို့ ပါဝင်ပြီး ကျန်သူများမှာ ဆေးသုတ်လုပ်ငန်း လုပ်ဆောင်သူများ၊ ဈေးရောင်းသူများ၊ ကျဘန်းလုပ်ကိုင်သူများ၊ မှီခိုသူများ ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ နိုဝင်ဘာလ ၃ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၃၃၁ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃၃ ဦး သေဆုံး၍ ၁၁၆၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ရာ ၁၃၁ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ရှိကြောင်း သိရသည်။