ရှမ်းပြည်နယ်တွင် COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၄၀၀၀ ဦး ကျော် တွေ့ရှိခဲ့ပြီး ၂၀၀၀ ကျော် သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၄၀၀၀ ဦး ကျော် တွေ့ရှိခဲ့ပြီး ၂၀၀၀ ကျော် သေဆုံးခဲ့ရ


ရှမ်းပြည်နယ်အတွင်း၌ COVID-19 တတိယလှိုင်း ကာလအတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၄၀၀၀ ဦးကျော် နှင့် သေဆုံးသူ ၂၀၀၀ ဦးကျော် ရှိကြောင်း သိရသည်။

.
ဇွန်လ ၁ ရက်မှ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၇၄၃၅၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၀၇၈ ဦး သေဆုံးခဲ့ကာ ၆၆၄၄၁ ဦးမှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး ၅၈၃၇ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အများစုတွင် COVID-19 ကူးစက်ပျံ့နှံ့မှု လျော့နည်း လာသော်လည်း ရှမ်းပြည်နယ်တွင်မူ သိသာစွာ လျော့နည်းလာခြင်း မရှိသေးဘဲ တစ်နိုင်ငံလုံးတွင် ပိုး တွေ့မှု အများဆုံးပြည်နယ် အဖြစ် ရပ်တည်နေသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ကလော၊ ဆီဆိုင်၊ ပင်းတယ၊ ဟိုပုံးမြို့နယ်တို့တွင် COVID-19 ကူးစက်ပျံ့နှံ့မှု မြင့်တက်နေဆဲ ဖြစ်ကာ ဆီဆိုင်မြို့နယ်တွင် ပိုး ရှိသူ အများဆုံး တွေ့နေရသည်ဟု သိရသည်။
.
ပြည်နယ်အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ အပါအဝင် မြို့နယ် ၁၀ ခုကို Stay at Home သတ်မှတ်ခြင်း၊ မြို့နယ် အချို့ကို Local Semi-Lockdown သတ်မှတ်ခြင်းများ ဆောင်ရွက်ထားသည့် အပြင် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်နေရာ တစ်ပြည်နယ်လုံးတွင် ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၆ ဒသမ ၇၀ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

Journal Download

Photo of three cats