မိုင်းလား တစ်မြို့လုံးကို တတိယအကြိမ်အဖြစ် COVID-19 စစ်ဆေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းလား တစ်မြို့လုံးကို တတိယအကြိမ်အဖြစ် COVID-19 စစ်ဆေးမည်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလား တစ်မြို့လုံးကို တတိယအကြိမ်အဖြစ် COVID-19 စစ်ဆေးမှု ပြုလုပ်သွားမည်ဟု သိရသည်။

.

လာမည့် နိုဝင်ဘာလ ၁၇ ရက်မှ စတင်၍ အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထူးဒေသ(၄)၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီး အဖွဲ့က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

မိုင်းလားဒေသအတွင်း သတ်မှတ် ဇုန်များအလိုက် နေထိုင်သူများကို ဓါတ်ခွဲနမူနာ စစ်ဆေးမည် ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်က စ၍ ယာဉ် အသွားအလာ ကန့်သတ်ထားမည် ဖြစ်ကာ မိမိနေထိုင်ရာ ဇုန်ကို ကျော်၍ ယာဉ်ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ရန် နှင့် ဇုန်အတွင်းရှိ သတ်မှတ်ထားသည့် လုပ်ငန်းများမှအပ အခြားသော လုပ်ငန်းများအားလုံး ယာယီပိတ်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

.

ထို့အတူ COVID-19 စစ်ဆေးပေးမှုကို ဒေသအစိုးရမှ တာဝန်ယူသွားမည် ဖြစ်ကြောင်းနှင့် အသိပေးနှိုးဆော်ချက်အား လိုက်နာမှု မရှိခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းအား နှောင့်ယှက်ခြင်း၊ အချက်အလက်များအား ဖုံးကွယ်ထားခြင်း၊ လိမ်လည်ခြင်း၊ အတုအပ ပြုလုပ်ခြင်းများအား ပြင်းထန်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန် အသိပေးထားသည်။

Journal Download

Photo of three cats