ရှမ်းတောင်ရှိ မြို့နယ် ၁၀ ခုကို COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစားပေးဆောင်ရွက်မည့် မြို့နယ်များအဖြစ် သတ်မှတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရှိ မြို့နယ် ၁၀ ခုကို COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစားပေးဆောင်ရွက်မည့် မြို့နယ်များအဖြစ် သတ်မှတ်ထား


ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၁၀ ခုကို COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစားပေးဆောင်ရွက်မည့် မြို့နယ်များအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.
ယင်းမြို့နယ် ၁၀ ခုမှာ တောင်ကြီးခရိုင်မှ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ လွိုင်လင်ခရိုင်မှ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ လင်းခေးခရိုင်မှ လင်းခေးမြို့နယ်တို့ ဖြစ်သည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှု များပြားနေဆဲ ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း ဦးဆောင်သော အဖွဲ့က အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ကွင်းဆင်း ဆောင်ရွက်နေလျက် ရှိသည်ဟု သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒုညွှန်ချုပ် ဒေါက်တာ ထွန်းတင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့် ခေါင်းဆောင်သော ကွင်းဆင်းအဖွဲ့တို့က ကွင်းဆင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှု လျော့နည်းလာသော်လည်း ရှမ်းပြည်နယ်တွင်မူ သိသာစွာ လျော့နည်းသွားခြင်း မရှိသေးဘဲ လက်ရှိ တတိယလှိုင်းကာလတွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၆၇၀၀၀ ဦးကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၇၀၀ ဦးကျော် သေဆုံးခဲ့ရသည်။

Journal Download

Photo of three cats