ရှမ်းပြည်နယ်တွင် COVID-19 ပိုးရှိသူ ၄၉၈ ဦး ထပ်တွေ့၊ စုစုပေါင်း ၆၆၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် COVID-19 ပိုးရှိသူ ၄၉၈ ဦး ထပ်တွေ့၊ စုစုပေါင်း ၆၆၀၀၀ ကျော် ရှိ


ရှမ်းပြည်နယ်အတွင်း၌ ယမန်နေ့ နိုဝင်ဘာလ ၁ ရက်တာ ၂၄ နာရီအတွင်း COVID-19 ပိုးရှိသူ ၄၉၈ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း ၆၆၀၀၀ ဦးကျော် ရှိကြောင်း သိရသည်။

.
COVID-19 တတိယလှိုင်းကာလ အတွင်း ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နေ့လယ်ပိုင်းထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၆၆၇၉၁ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၉၀၈ ဦး သေဆုံးခဲ့ကာ ၆၀၅၁၃ ဦးမှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး ၄၃၇၀ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ အပါအဝင် မြို့နယ် ၁၀ ခုကို Stay at Home သတ်မှတ်ထားဆဲ ဖြစ်သည့် အပြင် မြို့နယ်အချို့ကိုလည်း Local Semi-Lockdown သတ်မှတ်၍ COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေလျက် ရှိ‌သော်လည်း ရှမ်းပြည်နယ်တွင် COVID-19 ပိုး ကူးစက်ပျံ့နှံ့မှု လျော့နည်းလာခြင်း မရှိသေးပေ။

Journal Download

Photo of three cats