COVID-19 မျိုးကွဲသစ်ကို Omicron ဟု အမည်ပေးကာ အန္တရာယ်ရှိသည့် အမျိုးအစားအဖြစ် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 မျိုးကွဲသစ်ကို Omicron ဟု အမည်ပေးကာ အန္တရာယ်ရှိသည့် အမျိုးအစားအဖြစ် သတ်မှတ်


တောင်အာဖရိက၌ စတင် တွေ့ရှိခဲ့သည့် COVID-19 မျိုးကွဲသစ်ကို Omicron ဟု အမည်ပေးကာ အခြား‌ရောဂါပိုး အမျိုးအစားများထက် ကူးစက်မှု မြန်ဆန်နိုင်ခြင်းကြောင့် အန္တရာယ်ရှိသော အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ခဲ့သည်။

.
“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” ဟု WHO နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က ယမန်နေ့တွင် ပြောသည်။
.
Omicron (B.1.1.529) ကို တောင်အာဖရိကနိုင်ငံတွင် နိုဝင်ဘာလ ဒုတိယပတ်က စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်တလောအနေဖြင့် ပိုးတွေ့ အတည်ပြု လူနာ ၁၀၀ ဦး ခန့် ရှိကြောင်း သိရသည်။
.
အဆိုပါ အန္တရာယ်ရှိသည့် ပိုး အမျိုးအစားအဖြစ် သတ်မှတ်လိုက်သည့် Omicron ကို လက်ရှိ COVID-19 ရောဂါပိုး စမ်းသပ်သည့် PCR စနစ်ဖြင့် စစ်ဆေး သိရှိနိုင်သည်ဟု သိရသည်။
.
Omicron နှင့် ပတ်သက်ပြီး ကူးစက်မှု အခြေနေ၊ ကာကွယ်ဆေး ထိရောက်မှု ရှိ/မရှိ၊ ကုသနည်းများနှင့် ပတ်သက်ပြီး တိကျစွာ သိရရေး စမ်းသပ်စစ်ဆေးရန် သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ်ဟုလည်း WHO က ထုတ်ပြန်ထားသည်။
.
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ Omicron သည် ကာကွယ်ဆေးများ၏ ထိရောက်မှုကို လျော့ကျနိုင် စေသကဲ့သို့ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမို မြန်ဆန်စေနိုင်ကြောင်း သုံးသပ်‌ကြသည်။
.
Omicron အပါအဝင် မျိုးကွဲအားလုံးကို ကာကွယ်ရန်အတွက် လက်ရှိ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ သတိပြုလိုက်နာ ဆောင်ရွက်ကာ COVID-19 ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံ၍ ကာကွယ်နိုင်‌ကြောင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားပါက ရောဂါပြင်းထန်စွာ ဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုများကို လျော့နည်းစေသည်ဟု သိရသည်။

Journal Download

Photo of three cats