ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလား လမ်းကြောင်းကို မကြာမီ ပြန်လည် ဖွင့်လှစ်ရန် ဒေသအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။
.
အထူးဒေသ(၄) သို့ သွားရောက်လိုသူများအနေဖြင့် ဆီလူးဒေသရှိ COVID-19 စောင့်ကြည့်ရေးစင်တာတွင် Quarantine ၁၄ ရက် နေထိုင်ရမည်ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ဆီလူးဒေသရှိ COVID-19 စောင့်ကြည့်ရေးစင်တာကို နိုဝင်ဘာလ ၈ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး စင်တာတွင် အိပ်ခန်းပေါင်း ၂၇၀ ကျော် နှင့် စီမံခန့်ခွဲအခန်းပေါင်း ၃၀ ကျော် ပါဝင်၍ အိမ်သာ၊ ရေချိုးတွဲများ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။