တောင်ကြီးခရိုင်၊ ကလောမြို့နယ်အား နိုဝင်ဘာလ ၄ ရက်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
ကလောမြို့နယ်တွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများကို မပြုလုပ်ရန် တားမြစ်သည်ဟု အမိန့်စာတွင် ပါရှိသည်။
.
ထို့အပြင် လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက် ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူများ သွားလာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ည မထွက်ရ အမိန့်ကို ထုတ်ဆင့်သည်ဟုလည်း ဖော်ပြထားသည်။