"ဝ" အမျိုးသားပါတီ (WNP) ၏ ဥက္ကဌ ဖြစ်သူ ဦးညီပလုပ် (Tax Nyi Pleek) သည် နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အသက် ၆၉ နှစ် အရွယ် ဦးညီပလုပ်( Tax Nyi Pleek) သည် အမျိုးသားရေး နှင့် ပါတီလုပ်ငန်းများ အပေါ်တွင် ကိုယ်ကျိုး မငဲ့ဘဲ စွမ်းစွမ်းတမံ၊ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားပန်းစား လုပ်ဆောင်လာခဲ့သူ တစ်ဦး ဖြစ်သည့် အတွက် ပါတီအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်ကြောင်းနှင့် ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း WNP က ထုတ်ပြန်ထားသည်။
.
ဦးညီပလုပ် (Tax Nyi Pleek) သည် ပါတီ ဥက္ကဌ တာဝန်ကို ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက စတင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယင်း မတိုင်မီက ဒုဥက္ကဌ(၁) အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။