ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများကို လာမည့် နိုဝင်ဘာလ ၈ ရက်မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးသွားမည်ဟု ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
ယာဉ်မောင်းလိုင်စင်အသစ် ဖြေဆို ထုတ်ပေးခြင်း အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ခ/ဃ/င ယာဉ်မောင်းလိုင်စင် အသစ် ဖြေဆိုမည့်သူများသည် Online Booking စနစ်ဖြင့် ကြိုတင် ရက်ချိန်းယူရန် လိုမည် ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ (မန္တလေး တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်ရုံးမှ အပ) တွင် ဖြေဆိုမည့် သူများသည် Online Booking ရယူရန် မလိုဘဲ သက်ဆိုင်ရာ ရုံး အစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ က-၁/က/ခ/ဃ/င ယာဉ်မောင်းလိုင်စင်များကို Online Booking စနစ်ဖြင့် ရက်ချိန်း ကြိုယူရန် လိုအပ်မည် ဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများတွင်မူ Online Booking ရယူရန် မလိုကြောင်း သိရသည်။
.
သက်တမ်းကုန်ဆုံးရက် ကျရောက်နေသော ယာဉ်မောင်းလိုင်စင်များအား ဒဏ်ကြေးကင်းလွတ်ခွင့်ကို သတ်မှတ်ကာလအတွင်း ကင်းလွတ်ခွင့် ပြုသည်ဟု ကြေညာချက်တွင် ပါရှိသည်။