တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် တစ်ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ လွန်းကျိုင်းကျေးရွာနေ စိုင်းလုံ၏ နေအိမ်အား သတင်းအရရှာဖွေရာ ၎င်းနှင့်အတူ စိုင်းရီအား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၅ တုံး၊ အလေးချိန် ၉၂ ဒသမ ၇၅ ကီလို၊ ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ ၃ ကီလို၊ စုစုပေါင်းဘိန်းဖြူအလေးချိန် ၉၃ ဒသမ ၀၅ ကီလို၊ ဘိန်း ၄ ဒသမ ၉ ကီလို၊ M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူး လေသေနတ် ၁ လက်၊ ပစ္စတိုလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းလုံနှင့် စိုင်းရီတို့နှစ်ဦးအား ဥပဒေ အရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။