တောင်ကြီးမြို့ လျှပ်စစ်ရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့ လျှပ်စစ်ရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား


တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ လျှပ်စစ်ရုံး အနီး၌ ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

“ မနက် ၁၀ နာရီ၊ ၁၀ မိနစ်မှာ ဖြစ်ပွားတယ်လို့ ကြားတယ်။ ငါးထပ်‌ဆောင် ဓမ္မာရုံရှေ့ လမ်းလယ်ကျွန်း‌မှာပါ။” ဟု တောင်ကြီးမြို့မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုသည်။

.

တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး အနီး (ငါးထပ်‌ဆောင်ဓမ္မာရုံရှေ့) လမ်းလယ်ကျွန်း‌မျောတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲသည့် ဗုံး အမျိုးအစားကို သိရခြင်း မရှိသေးသော်လည်း အသုံးဗုံး ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကာ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။

.

ယင်း ပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Special Force 22 က ထုတ်ပြန်ထားပြီး လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများကို အတင်းအကြပ် မီတာခ ပေးဆောင်ရန် ဖိအား ပေးနေခြင်းကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats