လားရှိုးနှင့် မူဆယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးနှင့် မူဆယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား


ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ လားရှိုးမြို့နှင့် မူဆယ်မြို့တို့၌ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်က ပေါက်ကွဲမှုများ ဖြစ်‌ပွားခဲ့ကြောင်း သိရသည်။

.

လားရှိုးမြို့ လားရှိုး-မန္တလေး ပြည်‌ထောင်စုလမ်းမကြီးပေါ် ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ‌အနီး၌ နိုဝင်ဘာလ ၃ ရက်၊ နံနက် ၇ နာရီခွဲခန့်က ‌အသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်  ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ MBT WiFi ရုံးအရှေ့၌ နိုဝင်ဘာလ ၃ ရက်၊ ည ၆ နာရီခွဲခန့်က အသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့ရာ ရုံးရှေ့ အမိုးအဖီတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ ပေါက်ကွဲမှုများကြောင့် လူ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းနှင့် ဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုလည်း မသိရသေးပေ။

Journal Download

Photo of three cats