အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာ ဦးအောင်ရှင်သည် ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
.
အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် နေ့တွင် ဖမ်းဆီး ခံရကာ အောက်တိုဘာလ ၁၈ ရက်က ပြန်လည် လွတ်မြောက်လာပြီးနောက် တစ်လကျော် အကြာတွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
.
မုံရွာ ဦးအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ် ရှိပြီ ဖြစ်ကာ ဒီလှိုင်းဂျာနယ်ကို ဦးဆောင် ထုတ်ဝေခဲ့သူ ဖြစ်ကြောင်းနှင့် ၁၉၆၄ ခုနှစ် အလွန်ကာလနှင့် ၁၉၈၈ ခုနှစ် အလွန်ကာလများတွင် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူ ဖြစ်သည်ဟု သိရသည်။