တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် တစ်စီး အခိုး ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် တစ်စီး အခိုး ခံရ


တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်ကျန်းမာ‌ရေးရုံးလမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ယမန်နေ့ ‌နိုဝင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

အဆိုပါ ခိုးယူခံရသည့် မော်တော်ဆိုင်ကယ်မှာ Loujia Drea5 125 အမျိုးအစား၊ ယာဉ်အမှတ် 73W/5012 ဖြစ်ပြီး ခိုးယူသူမှာ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်‌ကြောင်း သိရသည်။

.


အဆောက်အဦ အတွင်း သော့ခတ်၍ ရပ်ထားသည့် မော်တော်ဆိုင်ကယ်ကို သော့ဖျက်၍ ခိုးယူသွားခြင်း ဖြစ်ပြီး ဆိုင်ကယ်အား တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09966123407 သို့ ဆက်သွယ် ပေးရန် ပိုင်ရှင် ဖြစ်သူက မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats