ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၌ ယမန်နေ့ နိုဝင်ဘာလ ၉ ရက် ညနေပိုင်းတွင် အမျိုးသား တစ်ဦး ဓါးဖြင့် ထိုးသတ်ခံရကြောင်း သိရသည်။
.
" စစ်မှုထမ်းဟောင်း၊ နွားဘန်းကြီး ရွာသူနဲ့ အိမ်ထောင်ကျနေတဲ့ ကိုနိုင်ဦး။ ရွာထဲ စစ်သားတွေ ခေါ် ခေါ်လာတတ်တယ် ပြောတာပဲ။ အိမ်မှာနေတုန်း ဓားနဲ့ ဝင် ထိုးသွားတယ်တဲ့။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသော်လည်း ဖြစ်စဉ် အသေးစိတ် အခြေအနေများကိုမူ မသိရသေးပေ။