ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၆ တွင် ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၆ တွင် ဖွင့်လှစ်မည်


မြန်မာ-တရုတ် နယ်စပ်ဂိတ် ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာလ ၂၆ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်ထိ ၃ ရက်တာ စမ်းသပ်ဖွင့်လှစ်ပြီး ယခုတွင် ပုံမှန်အတိုင်း တရားဝင် ဆောင်ရွက်သွားရန် နှစ်နိုင်ငံ တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းများကို ကုန်တင်ယာဉ်များဖြင့် တိုက်ရိုက် ဝင်ခွင့် မပြုတော့ဘဲ ကွန်တင်နာဖြင့်သာ တဆင့် သယ်ယူစေမည်ဟုလည်း သိရသည်။

.

ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ကို ဇူလိုင်လတွင် သော်လည်းကောင်း၊ ချင်းရွှေဟော်ဂိတ်ကို အောက်တိုဘာလတွင် သော်လည်း‌ကောင်း ပိတ်သိမ်းခဲ့ပြီးနောက် ယခုတွင် ကျင်စန်းကျော့ဂိတ် တစ်ခုတည်းအား ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။

.

နယ်စပ်ကုန်သွယ်မှု ပမာဏ အများဆုံးဆောင်ရွက်သော မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်ပစ္စည်း တန်ချိန် ၅၀၀၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။

Journal Download

Photo of three cats