လားရိူးမြို့ရှိ မြို့နယ်လဝကရုံး အနီးတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ ညနေ ၃ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိူးသမီး တစ်ဦးနှင့် လူငယ် တစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုနေသော်လည်း အသေးစိတ် အခြေအနေကိုမူ မသိရသေးပေ။
.
လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော လမ်းကိုပိတ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
.
လားရိူးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင်လည်း အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။