အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေးကို စစ်ကောင်စီ ဥက္ကဌ တက်ခွင့် မရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေးကို စစ်ကောင်စီ ဥက္ကဌ တက်ခွင့် မရ

 


အာဆီယံ-တရုတ် အစည်းအဝေးကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက စတင်၍ အွန်လိုင်းမှ ပြုလုပ်နေလျက် ရှိရာ ယင်း အစည်းအဝေးသို့ စစ်ကောင်စီ ဥက္ကဌ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်

.

အဆိုပါ တရုတ်နိုင်ငံက ကမကထ လုပ် ကျင်းပသည့် အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဆီယံ - တရုတ် ဆက်ဆံရေး နှစ် ၃၀ ပြည့် မိန့်ခွန်း ပြောဆိုခဲ့သည်။

.

စစ်ကောင်စီကမူ အစည်းအဝေးသို့ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အား ဖိတ်ကြားခဲ့ကြောင်းနှင့် အစည်းအဝေး တက်ရောက်နိုင်ရန် အာဆီယံနိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း မြန်မာ စစ်ကောင်စီ ဥက္ကဌ အား အာဆီယံက တက်ခွင့် မပြုဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သူနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုသာ အာဆီယံက ဖိတ်ကြားခဲ့သည်။

Journal Download

Photo of three cats