တောင်ကြီးမြို့၌ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းက မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံခဲ့ရကြောင်း သိရသည်။
.
" မြတ်တော်ဝင် ဆေးရုံးဝင်းထဲမှာ ညနေ ၅ နာရီ ကျော်လောက်က ခိုးယူခံရတာပါ။" ဟု ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
.
ခိုးယူခံရသော မော်တော်ဆိုင်ကယ်မှာ LUOJIA 125 အမျိုးအစား၊ ယာဉ်အမှတ် SHN-13487 ၊ အနက်ရောင် ဖြစ်ပြီး တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် 09786695822 သို့ ဆက်သွယ်ပေးကြရန် ၎င်းက မေတ္တာရပ်ခံထားသည်။
.
တောင်ကြီးမြို့၌ ယခု ရက်ပိုင်းအတွင်း မော်တော်ဆိုင်ကယ် ခိုးယူ ခံရမှုများ များပြားလာကာ ပျောက်ဆုံးသူများ အနေဖြင့် ပြည်သူ အချင်းချင်း သတင်းပေး ရှာဖွေနေကြရသည်ဟု သိရသည်။

တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရပြန်
Tags
# တောင်ကြီး
# မှုခင်း
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
တောင်ကြီး,
မှုခင်း,
ရှမ်းတောင်သတင်းများ